ဇမ်နူး - Zam Nuu – “ ငါ ငိုတဲ့ နေ့ ” lyrics

Album: နှလုံးသားထဲမှာ

“ ငါ ငိုတဲ့ နေ့ ”

V-1 ငါ့ဘေးနား လှည့်ကြည့်မိတော့ ဆူညံသံတွေ တိတ်ဆိတ်နေ
ငါ့ဘေးနား လှုည့်ကြည့်မိတော့ လူသူတွေ ကင်းရှင်းနေ
ငါ့ဘေးနား လှည့်ကြည့်မိတော့ အရာအားလုံး ဆွံ့အနေ
V-2 ငါရုတ်တရက်လှည့်ကြည့်မိတော့ ငါ့ နဘေးကို နင်ရောက်လာတယ်
ငါရုတ်တရက် လှည့်ကြည့်မိတော့ နင်ကျောခိုင်းပြီး ထွက်သွားတယ်
ရုတ်တရက် ပြန်လှည့်ကြည့်မိတော့ အရာအားလုံး ဆွံ့အနေ
Pre: ဘယ်လိုပိုးများ မင်းဦးနှောက်ထဲ လာကိုက်လို့ ရူးသွားတာလဲ
(ငါတို့တွေ ) ငါတို့ နှစ်ယောက်လုံး ဝေးလို့မဖြစ်နိုင်ဘူး
ဘယ်သူ့စကားများ မင်းနားယောင်ပြီး ဒီလိုလမ်းခွဲစကားပြောတာလဲ
(ဒီနေ့) ငါ ငိုနေတယ်
Cho: ဟူး.လား.လား.လား…..အလိုလိုငိုနေ ငါ့ရင်ထဲ
ဟူး.လား.လား.လား……တိမ်တွေ ငိုနေ ငါ့ရင်ထဲ
ဟူး.လား.လား.လား……ကမ္ဘာ ပြိုနေတယ် ငါ့ရင်ထဲ
V-3 ငါ့မျက်ဝန်းထဲမှာ အရာရာဟာ ဝေဝါးလာ ငါ့ရဲ့ပါးနှစ်ဖက်ပေါ်မှာ ရုတ်တရက် ပူနွေးခါ
ငါသတိယမိတော့ ငါ…..ငါဟာ ငိုနေတယ်
နင်ဘာကြောင့် လမ်းခွဲတဲ့ စကားပြောရက်တယ် နင်ဘာကြောင့် အသဲကွဲတဲ့လမ်း ရွေးရက်တယ်
နင်ဘာကြောင့် ငါ့ကို ဒုက္ခ ပေးတာလဲ
PRE : CHO 2 TIMES : FINE:

Submitted by Guest